တော်လှန်ရေး တရပ် ခိုင်ခိုင်မတ်မတ် ဖြစ်သန်းကြရာဝယ်
ရိုးသားမှု ၊အပြန်အလှန်လေးစားမှု ၊တန်းတူညီမျှကို အခြေခံပြီး
စနစ်ကျတဲ့ စုဖွဲ့မှု ၊စီမံခန့်ခွဲမှု ခြေသံလုံစွာဖြင့်
နိုင်ငံရေး စစ်ရေး ပေါင်းစပ်ကာ အချိန်ကိုက် ဟန်ချက်ညီ တိုင်ပင်ကိုက် ဆောင်ရွက်တတ်ရမယ်။
ပြည်သူကို အလုပ်အကျွေးပြုရန် ဆိုတဲ့ မူကို ဦးဆွေးဆံမြည့် ထမ်းရွက်ဖို့ ကိုယ့်ကို ကိုယ်သစ္စာပြုရပါမယ်။
လာဘ ၊သက္ကာရ ၊သိလောက၊ ကုလစာရ ဆိုတဲ့ အချက်တွေ ကို သီလတရပ်သဖွယ်စောင့်ထိန်း ကြဖို့ လိုသလို
ချစ်ခြင်းမုန်းခြင်း ကင်းကင်းဖြင့် အစွဲအလမ်းများဖြစ်သော
ရပ်စွဲ ရွာစွဲ ပုဂ္ဂိုလ်စွဲ ဒေသစွဲ လူမျိုးစွဲ ဘာသာစွဲ အဖွဲ့အစည်းစွဲ ဆိုတဲ့ အစွဲအလမ်း တွေကို ဖယ်ခွာနိုင်မှ
အနာဂတ်တိုင်းပြည်အတွက် တိုင်းပြု ပြည်ပြု နိုင်တဲ့
တော်လှန်ရေး သမား၊ နိုင်ငံရေးသမား ကောင်း ဖြစ်ပါလိမ့်မယ်။
#ခင်ဗျားတို့ရဲ့လူမြတ်ကျော်