လားရှိုး ပေးလိုက်ရတာ
၊မြေငလျင် အကြောင်းပြချက်နဲ့ ထိုးစစ်ရပ်နားခဲ့တာ ၊
နောင်ချို၊ မတ္တရာဘက်မှာ ဆုတ်ရ တာတွေမှာ- လာရှိုးကိစ္စက တရုတ်ကြောင့် ဖြစ်ပေမဲ့ တခြား အခြေအနေတွေက အဓမ္မစုခံရတဲ့ စစ်သား တွေကြောင့်ဘဲ။
အဲဒီစစ်သား ရေသောက်မြစ်ကို ဖြတ်နိုင်ရင် ရန်သူ ပြော့ခွေသွားမယ်။
တော်လှန်ရေး အရှိန် ပြန်တက် လာမှာဘဲ။ တရုတ်ကြောင့် ပေးလိုက်ရတဲ့ မြို့ကိုလည်း ပြန်သိမ်းနိုင်အောင်လုပ်ကြရမယ်။ –
ဒါက အများအာရုံထား ကြည့်မြင်နေကြတဲ့ နေရာတွေ – ရန်သူကလည်း အတင်းကြော်ငြာနေတယ်။
ရခိုင်၊ ကချင်၊ကရင်၊ချင်း၊ဧရာဝတီ၊ ပဲခူး၊ နမခ၊ ရတခ ဒေသတွေက တော်လှန် တိုက်ပွဲတွေဟာ အားတက်စရာတွေ အများကြီး။
ထိုးစစ်ကို ရပ်နားမိရင် ပြန်နိုးထဖို့ခက်တာကို သတိချပ် ကြရမယ်။
အထူးသဖြင့် လူထု တိုက်ပွဲ အသွင်ဆောင် နေတဲ့ ဒီနေ့တိုက်ပွဲမှာ တိုက်ပွဲဝင်စိတ်ကို ဘာအကြောင်းနဲ့မှ မတားမိဖို့လိုတယ်။
ရန်သူက ထိုးစစ်အသွင်ယူလာသလို – တော်လှန်ရေးဘက်ကလည်း ကျယ်ပြန့်လူထုစစ်ပွဲအဖြစ် တန်ပြန်ထိုးစစ် လုပ်ဆောင်ရမှာဘဲ။
ဒီနေ့ မကျေတမ်းတော်လှန်ရေးက လက်နက်ကိုင်တိုက်ပွဲ ဖြစ်လို့ – စစ်ရေးပို နိုင်ငံရေးချို ကာလ – ဒါကို ရှင်းရှင်းသိပြီး လူထုတွေ တော်လှန်တိုက်ပွဲ ဝင်ရေးကို ဦးစားပေးလုပ်ဆောင်ကြရမယ်။
ထိုးစစ်အသွင်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြရမယ်။
ပစ်မှတ်ထားရမည့် အရာတွေက –
၁ -ဗုံးကြဲတဲ့ လေယာဥ်ပျံ၊ လေယာဥ်ကွင်း
၂- အဓမ္မ စစ်မှုထမ်း
၃ – ကပစများ
၄ – အနီးဆုံး ရန်သူ့ ဒေါက်တိုင်
မအလတပ်ဟာ ရန်သူ စစ်စစ်ဖြစ်နေတာကို လူထုက အက္ငျင်းမဲ့ သိထားပြီးဖြစ်လို့ ရန် / ငါ စည်း ပြတ်ပြတ် နည်းမျိုးစုံနဲ့ ဝိုင်းတိုက်ခိုက် ကြရမှာဘဲ။
ကြီးမား ကျယ်ပြန့်တဲ့ လူထုတိုက်ပွဲဖြင့် လွတ်မြောက်ရေးကို ရယူကြ။